Xiaomi ရဲ့ ကားသစ် SU7 Ultra ဟာ စွမ်းရည်မြင့် EV ကား ဖြစ်ပါတယ်။ အားသွင်းချိန် ၁၁ မိနစ်အတွင်း ၁၀ရာခိုင်နှုန်း ကနေ ၈၀ ရာခိုင်နှုန်း အားပြည့်နိုင်ပါတယ်။ 1,526 horsepower ပါဝင်ကာ ၁.၉၈ စက္ကန့်အတွင်း တစ်နာရီ 0 ကနေ 60mph အထိ အရှိန်မြှင့်နိုင်ပါတယ်။ အမြင့်ဆုံး နှုန်းက 217 mphဖြစ်ပါတယ်။ တန်ဖိုးက $72,800 ဝန်းကျင်ဖြစ်ပါတယ်။ Surround Sound System နဲ့ Active Noise Cancellation ပါတဲ့ စပီကာတွေကအရည်အသွေးကောင်းမွန်တဲ့ အသံတွေကို ထုတ်လုပ်ပေးနိုင်ပါတယ်။



