အီရန်နျူကလီးယားအစီအစဉ်နှင့်ပတ်သက်၍ စေ့စပ်ညှိနှိုင်းမှုများပြုလုပ်ရန် လမ်းဖွင့်ပေးထားသော်လည်း အနိုင်ကျင့်ဗိုလ်ကျစိုးမိုး ခြယ်လှယ်မှုများကို လက်ခံသွားမည် မဟုတ်ကြောင်း အီရန်သမ္မတ မာဆွတ်ပီဇက်ရှ်ကီယန် က ဖေဖော်ဝါရီလ ၂၇ ရက်တွင် ပြောကြားခဲ့သည်။ အီရန်အပေါ် အမေရိကန်၏ ပိတ်ဆို့အရေးမှုများနှင့် အမြင့်ဆုံးဖိအားပေးရန် လှုံ့ဆော်မှုကိုရည်ညွှန်းကာ သမ္မတ မာဆွတ်ပီဇက်ရှ်ကီယန် က တီဟီရန်ပြည်နယ်ရှိ ပြည်နယ်အစိုးရအဖွဲ့များမှ ညွှန်ကြားရေးမှူးများနှင့်တွေ့ဆုံစဉ် ထိုသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။



