back

ယနေ့ (၆)ကြိမ်မြောက် ချန်ပီယံဆု ရယူမည့် ရှမ်းယူနိုက်တက်အသင်း

Mar 01 • 1:48 PM

breaking-news

မြန်မာ

ရန်ကုန်

cover

ယနေ့ (၆)ကြိမ်မြောက် ချန်ပီယံဆု ရယူမည့် ရှမ်းယူနိုက်တက်အသင်း

ယနေ့ မတ်လ (၁)ရက်၌ Myanmar National League 2024-2025 အမှတ်ပေးဘောလုံးပြိုင်ပွဲ ပြီးဆုံးခဲ့ပြီဖြစ်ပြီး ရှမ်းယူနိုက်တက်အသင်းနှင့် ဟံသာဝတီ ယူနိုက်တက်အသင်းတို့ တောင်က...


ယနေ့ မတ်လ (၁)ရက်၌ Myanmar National League 2024-2025 အမှတ်ပေးဘောလုံးပြိုင်ပွဲ ပြီးဆုံးခဲ့ပြီဖြစ်ပြီး ရှမ်းယူနိုက်တက်အသင်းနှင့် ဟံသာဝတီ ယူနိုက်တက်အသင်းတို့ တောင်ကြီးကွင်းတွင် ယှဉ်ပြိုင်ကစားသွားကြမည့် နောက်ဆုံးပွဲနေ့လည်း ဖြစ်သည်။ယနေ့ ဟံသာဝတီ ယူနိုက်တက်အသင်းဖြင့် ကစားအပြီး အမှတ်ပေးချန်ပီယံဆုပေးပွဲတဆက်တည်း ကျင်းပပြုလုပ်မည်ဖြစ်ကာ၊ အဆိုတော် မျိုးကြိုး၊ ဝိုင်ဝိုင်း၊ စိုင်းစိုင်းခမ်းလှိုင်တို့ ပါဝင်သီဆိုဖျော်ဖြေမည့် အသင်း၏ ဂီတဖျော်ဖြေပွဲကိုလည်း ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။ပြီးဆုံးခဲ့ပြီ ဖြစ်သည့် (၁၅)ကြိမ်မြောက် Myanmar Nationa l League 2024-2025 အမှတ်ပေးဘောလုံးပြိုင်ပွဲကို ၂၀၂၄ ဇူလိုင်လ (၆) ရက်မှ ၂၀၂၅ မတ်လ (၁) ရက်ထိ ကျင်းပပြုလုပ်သွားခဲ့ခြင်းဖြစ်သည်။




news-view-count-icon

16