back

မြဝတီပြည်သူ့ဆေးရုံ (၂၄)နာရီ မီးလင်းရေး Solar Pannel များတပ်ဆင်ရန် စတင်လုပ်‌ဆောင်နေပြီဟု ဆို

Mar 01 • 11:49 AM

breaking-news

မြန်မာ

ကရင်

cover

မြဝတီပြည်သူ့ဆေးရုံ (၂၄)နာရီ မီးလင်းရေး Solar Pannel များတပ်ဆင်ရန် စတင်လုပ်‌ဆောင်နေပြီဟု ဆို

ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့ ပြည်သူ့ဆေးရုံ (၂၄)နာရီ မီးလင်းရေးအတွက် Solar Pannel များတပ်ဆင်ရန် စတင်လုပ်ဆောင်နေပြီဖြစ်သည်ဟု ဒေသအခြေစိုက် မြဝတီဖောင်ဒေးရှင်းထံမှ...


ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့ ပြည်သူ့ဆေးရုံ (၂၄)နာရီ မီးလင်းရေးအတွက် Solar Pannel များတပ်ဆင်ရန် စတင်လုပ်ဆောင်နေပြီဖြစ်သည်ဟု ဒေသအခြေစိုက် မြဝတီဖောင်ဒေးရှင်းထံမှ သိရသည်။Solar Pannel များတပ်ဆင်ရန် သံဖရိန်များကို ယမန်နေ့ ဖေဖော်ဝါရီ(၂၈)ရက်၌ တပ်ဆင်လုပ်ဆောင်လျှက်ရှိပြီး ဆိုလာ 240 ချပ် ၊ Inverter 50.kw*2၊ Deye H voltage Battery 2 sets 120.kwကို အသုံးပြု သွားမည်ဖြစ်ကြောင်း သိရသည်။ထို့သို့တပ်ဆင်ပြီးပါက မြဝတီပြည်သူ့ဆေးရုံရှိ ကျန်းမာရေးသုံးစက်ကိရိယာများ အားလုံး(၂၄)နာရီ လည်ပတ်နိုင်မည်ဖြစ်သည့်အပြင် ဆေးရုံဝန်းကျင် လမ်းမီးများထွန်းနိုင်ရန်လည်းစီစဉ်ထားရှိကြောင်း သိရသည်။



news-view-count-icon

14