back

Asian Friendship Silver Belt Championship ဘောက်ဆင်ပြိုင်ပွဲ မြန်မာကိုယ်စားပြု (၄)ဦး ယှဉ်ပြိုင်ထိုးသတ်မည်

Mar 01 • 11:43 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

Asian Friendship Silver Belt Championship ဘောက်ဆင်ပြိုင်ပွဲ မြန်မာကိုယ်စားပြု (၄)ဦး ယှဉ်ပြိုင်ထိုးသတ်မည်

မတ်လ (၈)ရက်၌ ထိုင်းနိုင်ငံတွင် ကျင်းပမည့် Asian Friendship Silver Belt Championship ဘောက်ဆင်ပြိုင်ပွဲတွင် မြန်မာကိုယ်စားပြု ကစားသမား (၄)ဦးမှာ တရုတ်ဖိုက်တာများနှ...


မတ်လ (၈)ရက်၌ ထိုင်းနိုင်ငံတွင် ကျင်းပမည့် Asian Friendship Silver Belt Championship ဘောက်ဆင်ပြိုင်ပွဲတွင် မြန်မာကိုယ်စားပြု ကစားသမား (၄)ဦးမှာ တရုတ်ဖိုက်တာများနှင့် ယှဉ်ပြိုင်ထိုးသတ်သွားမည်ဖြစ်ကြောင်း သိရသည်။မြန်မာကစားသမား နေထက်အောင်အနေဖြင့် (၁၂၂) ဝိတ်တန်းတွင် တရုတ်ဖိုက်တာ Jun Luo နှင့် ထိုးသတ်မည်ဖြစ်သလို မျိုးခန့်ကျော်က (၁၄၀) ဝိတ်တန်းတွင် တရုတ်ဖိုက်တာ Gaocong Ding နှင့်လည်းကောင်း၊ နိုင်ဝင်းထွန်းက (၁၅၄) ဝိတ်တန်းတွင် တရုတ်ဖိုက်တာ Chen Zhao နှင့် လည်းကောင်း၊ ဗန်လသော်က (၁၁၈)ဝိတ်တန်းတွင် တရုတ်ဖိုက်တာ Gui Ming Li နှင့် လည်းကောင်း အသီးသီး ယှဉ်ပြိုင်ထိုးသ-တ်သွားမည်ဖြစ်ကြောင်း သိရသည်။



news-view-count-icon

26