ဇန်နဝါရီ ၂၈ ရက်က တောင်ကိုရီးယားမှ ဂင်ဟဲ အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် Air Busan လေယာဉ်တစ်စီး မီးလောင်မှု ဖြစ်ပွားခဲ့ရာ ခရီးသည်ထိုင်ခုံ အပေါ်ဘက် ပစ္စည်းထားသည့်နေရာတွင် ထားရှိသည့် အိတ်အတွင်းရှိ ပါဝါဘဏ်မှ မီးစတင်လောင်ကျွမ်းသည်ဟု ယူဆရသည်။ သို့ဖြစ်ရာ မတ်လ ၁ ရက်မှစ၍ သက်ရောက်သည့် စည်းကမ်းအသစ်များကို မြေယာ၊ အခြေခံအဆောက်အအုံနှင့် ပို့ဆောင်ရေး ဝန်ကြီးဌာနက ဖေဖော်ဝါရီ ၂၈ ရက်တွင် သတင်းထုတ်ပြန်သည်။ လေယာဉ်ဖြင့် လိုက်ပါသည့် ခရီးသည်သည် ခရီးဆောင်ဘက်ထရီ၊ အာသွင်းကိရိယာ၊ အီး-စီးကရက်တို့ကို check-in လုပ်သည့် အထုပ်အပိုးတွင် ထည့်ခွင့် မပြုချေ။ လေယာဉ်ပေါ် မတက်ခင် အိတ်အတွင်းမှ ထုတ်ယူထားရပြီး ကိုယ်နှင့်မကွာ ယူထားရမည် ဖြစ်သည်။
Mar 01 • 11:39 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 25 | 0 | 0 | 0 |


