ဖေဖော်ဝါရီ ၂၈ ရက်က နေပြည်တော်ပညာရေးဝန်ကြီးဌာနမှ မိမိနယ်မြေဒေသတွင် အခက်အခဲရှိ၍ လက်ရှိရောက်ရှိနေထိုင်ရာဒေသရှိ စာစစ်ဌာနတွင် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုလိုသူ ကျောင်းသားများရှိပါက ဖြေဆိုရက်မတိုင်ခင် တစ်ရက်ညနေပိုင်းအထိ စာရင်းပေးသွင်း၍ ဖြေဆိုခွင့်ပြုထားကြောင်း ပြောကြားသည်။



