back

ရန်ကုန်တိုင်းဒေသကြီး၊သာကေတမြို့နယ်မှာကားတစ်စီးပေါ် လူတစ်ဦး ခုန်တက်ရာက ပြုတ်ကျကာ တွဲကားနဲ့ ပြန်လည်ကြိတ်မိမှုဖြစ်ပွားခဲ့

Mar 01 • 7:39 AM

breaking-news

မြန်မာ

ရန်ကုန်

breaking-news
cover

ရန်ကုန်တိုင်းဒေသကြီး၊သာကေတမြို့နယ်မှာကားတစ်စီးပေါ် လူတစ်ဦး ခုန်တက်ရာက ပြုတ်ကျကာ တွဲကားနဲ့ ပြန်လည်ကြိတ်မိမှုဖြစ်ပွားခဲ့

ဖေဖော်ဝါရီ ၂၈ ရက် ည ၈ နာရီဝန်းကျင်က ရန်ကုန်တိုင်းဒေသကြီး၊သာကေတမြို့နယ်မှာ ခပ်ဖြေးဖြေး မောင်းနှင်လာတဲ့ တွဲကားတစ်စီးပေါ် လူတစ်ဦး ခုန်တက်ရာက ပြုတ်ကျကာ တွဲကားနဲ့ ပြ...

ဖေဖော်ဝါရီ ၂၈ ရက် ည ၈ နာရီဝန်းကျင်က ရန်ကုန်တိုင်းဒေသကြီး၊သာကေတမြို့နယ်မှာ ခပ်ဖြေးဖြေး မောင်းနှင်လာတဲ့ တွဲကားတစ်စီးပေါ် လူတစ်ဦး ခုန်တက်ရာက ပြုတ်ကျကာ တွဲကားနဲ့ ပြန်လည်ကြိတ်မိမှုဖြစ်ပွားခဲ့တယ်လို့ သစ္စာမဏ္ဍိုင် လူမှုကူညီရေးအသင်းထံကနေ သိရပါတယ်။ဖြစ်စဉ်က ရန်ကုန်တိုင်း၊ သာကေတမြို့နယ်၊ ဆယ်မြောက်ရပ်ကွက်၊ လယ်ယာ ၂ လမ်းထိပ်မှာ ဖြစ်ပွားခဲ့ပြီး ယာဥ်မ‌တော်ဆမှု‌ကြောင့် သေဆုံးသူအမျိုးသားမှာ အိမ်ခြေမဲ့တစ်ဦးလို့လည်းသိရပါတယ်။ယာဉ်မောင်းကို သက်ဆိုင်ရာက စစ်ဆေးဖြေရှင်းနိုင်ဖို့ ခေါ်ဆောင်သွားပြီး သေဆုံးသူရဲ့ ရုပ်အလောင်းကိုတော့ သစ္စာမဏ္ဍိုင်လူမှုကူညီရေးအသင်းယာဉ်နဲ့ ရန်ကုန်ဆေးရုံကြီးဆီ ပို့ဆောင်ပေးခဲ့ပါတယ်။

news-view-count-icon

17