ဖေဖော်ဝါရီ (၂၈)ရက်နေ့ နံနက်ပိုင်းတွင်မြန်မာနိုင်ငံပြည်တွင်း၌အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်များနှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးဆောင် ကော်မ တီ၏ ခွင့်ပြုချက်ဖြင့် မြန်မာနိုင်ငံအတွင်းသို့ တင်သွင်းရောက်ရှိလာသည့် လျှပ်စစ်သုံး မော်တော်ယာဉ် များ Charging ဖြည့်သွင်းနိုင်ရေး နေပြည်တော်ဇမ္ဗူသီရိမြို့နယ် သုခတော်ဝင်အိမ်ရာ အနီး၌ တည် ဆောက်ပြီးစီးသည့် EV Charging Station ဖွင့်ပွဲအခမ်းအနားကို ကျင်းပခဲ့ပါတယ်။နေပြည်တော်တွင် တည်ဆောက်ခွင့်ပြုထားသော ကိုးနေရာအနက် သပြေကုန်းဈေးရှေ့နေရာ၊ စည်ပင်ဧည့်ရိပ်သာရှေ့နေရာ၊ နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ်နေရာတို့တွင် ဖွင့်လှစ် ခဲ့ပြီး ယခုဖွင့်လှစ်မည့် ဇမ္ဗူသီရိမြို့နယ် သုခတော်ဝင် အိမ်ရာရှေ့နေရာတွင် စတုတ္ထအကြိမ် မြောက် ဖွင့်လှစ်ပေးသည့် Charging Station ဖြစ်သည်။Charging Station များ တစ်နိုင်ငံလုံးအနေဖြင့် ၂၁ ခုမြောက်ဖွင့်လှစ်သည့် Charging Station ဖြစ်သော်လည်း ရန်ကုန်လေဆိပ်နှင့် နေပြည်တော်လေဆိပ် Charging Station နှစ်ခုမှာ ၁၀၀ ရာခိုင်နှုန်းပြီးစီး၍ စတင်အသုံးပြုနေပြီဖြစ်ပါတယ်။



