back

တနင်္သာရီတိုင်းဒေသကြီး၊ကော့သောင်းမြို့ အေးရိပ်ငြိမ်ရပ်ကွက် ကမ်းသာယာလမ်းကြက်ဒိုင်ဆိပ်အနီး မြစ်ကမ်းဘေးတစ်နေရာ၌ စုပုံထားသော အကောက်ခွန်မဲ့လုပ်ငန်းသုံးပစ္စည်းတစ်မျိုးဖမ်းမိခဲ့

Mar 01 • 2:32 AM

breaking-news

မြန်မာ

တနင်္သာရီ

breaking-news
cover

တနင်္သာရီတိုင်းဒေသကြီး၊ကော့သောင်းမြို့ အေးရိပ်ငြိမ်ရပ်ကွက် ကမ်းသာယာလမ်းကြက်ဒိုင်ဆိပ်အနီး မြစ်ကမ်းဘေးတစ်နေရာ၌ စုပုံထားသော အကောက်ခွန်မဲ့လုပ်ငန်းသုံးပစ္စည်းတစ်မျိုးဖမ်းမိခဲ့

ဖေဖော်ဝါရီ ၂၇ ရက်တွင် တနင်္သာရီတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ကေ...

ဖေဖော်ဝါရီ ၂၇ ရက်တွင် တနင်္သာရီတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ကော့သောင်းမြို့ အေးရိပ်ငြိမ်ရပ်ကွက် ကမ်းသာယာလမ်းကြက်ဒိုင်ဆိပ်အနီး မြစ်ကမ်းဘေးတစ်နေရာ၌ စုပုံထားသော အကောက်ခွန်မဲ့လုပ်ငန်းသုံးပစ္စည်းတစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၁,၃၆၀,၀၀၀)ကိုလည်းကောင်း၊ ကော့သောင်းမြို့ အေးရိပ်ငြိမ်ရပ်ကွက် ဦးအောင်ဇေယျ(၅)လမ်း အမှတ် (၁၂၃၅) ရှိ ဂိုဒေါင်တစ်လုံးအတွင်းမှ တရားဝင်စာရွက်စာတမ်း အထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်းတစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၄,၁၀၀,၀၀၀) ကိုလည်းကောင်း စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၇၅,၄၆၀,၀၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိပါတယ်။



news-view-count-icon

19