ဖေဖော်ဝါရီလ(၂၅)ရက်နေ့ ၊နေ့လည်ပိုင်းကမကွေးတိုင်းဒေသကြီး၊ စကုမြို့၊ မန်းရွှေစက်တော်ဘုရားအသွားလမ်းတွင် ယာဉ်မတော်တဆ ဖြစ်ပွားခဲ့ရာ ထိခိုက်ဒဏ်ရာရသူများအား စကုမြို့ကြက်ခြေနီအသင်းခွဲ(ငယ်)မှ ကြက်ခြေနီစေတနာလုပ်အားရှင်များက ရှေးဦးပြုစု၍ မင်းဘူးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကူညီခဲ့ပြီးဖေဖော်ဝါရီလ (၂၇)ရက်နေ့ နံနက်ပိုင်းကမတော်တဆကြောင့်ထိခိုက်ဒဏ်ရာရသူ တစ်ဦးကိုလည်း ရှေးဦးပြုစု၍ အသင်းခွဲ(ငယ်)ပိုင် လူနာတင်ယာဥ်ဖြင့်ဆေးရုံသို့ ပို့ဆောင်ကူညီခဲ့ပါတယ်။



