မလေးရှားနိုင်ငံမှာ တရားမဝင်နေထိုင်လို့ဆိုပြီး ဖမ်းဆီးခံရသူတွေထဲက ရာနဲ့ချီတဲ့ မြန်မာနိုင်ငံသားတွေကို ဖေဖော်ဝါရီလ ၂၇ ရက်နေ့က မြန်မာသံရုံးကနေတစ်ဆင့် ပြန်ပို့လိုက်ပါတယ်။ မလေးရှားအာဏာပိုင်တွေက အထောက်အထားမဲ့ တရားမဝင်နေထိုင်နေတဲ့ နိုင်ငံခြားသားတွေကို ရှာဖွေနှိမ်နင်းရေးစီမံချက်နဲ့ နေ့စဉ်ဖမ်းဆီးနေသလို ဖမ်းဆီးရမိသူတွေများပြီး နေရာအခက်အခဲကြောင့် အခုလိုရုံးမထုတ်ဘဲ ပြန်ပို့နေကြောင်း မလေးရောက် မြန်မာလူမျိုးတစ်ဦးထံ မှ သိရသည်။



