မန္တလေးမြို့မှာ၊ အခုရက်ပိုင်း၊ လုယက်မှုတို့တကြော့ပြန်အဖြစ်များလာတာကြောင့်၊ လူပြတ်တဲ့နေရာ တွေ နဲ့ ည ၇ နာရီနောက်ပိုင်း သတိထားသွားလာနေရတယ်လို့ ဒေသတွင်းသတင်းတွေအရသိရသည်။ယမန်နှစ်ကုန်ပိုင်းလောက်ကအထိ၊ ခေတ္တခဏငြိမ်သက်သွားခဲ့တဲ့ လုယက်ဓားပြတိုက်မှုတို့ဟာ၊ ဒီနှစ် ဇန်နဝါရီ လဆန်းပိုင်းလောက်မှာ တကျော့ပြန်ဖြစ်လာပြီး၊ အခုဖေဖော်ဝါရီတစ်လအတွင်းမှာပင် လုယက်မှု က(၁၀)ကြိမ် ထက်မနည်း၊ ဓားပြတိုက်မှုက ၃ ကြိမ် ပေါ်ပေါက်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။မြို့တွင်းလမ်းတွေပေါ် လုယက်ဓားပြတိုက်မှုတို့တကြော့ပြန်ဖြစ်လာတာဖြစ်ပြီး၊ အခုတစ် လအတွင်းမှာကို၊ ရရှိထားတဲ့သတင်းအချက်အလက်တွေအရ၊ လုယက်မှုက(၁၁)ကြိမ်၊ ဓားပြတိုက်မှု က(၃)ကြိမ် ပေါ်ပေါက်ခဲ့ပြီးဖြစ်သည်။



