ရှမ်းပြည်တောင်ပိုင်း၊ အောင်ပန်း ကုန်စည်ဒိုင်၌ ယခုနှစ်၊ ယခုလတွင်သာ စတင်ဝယ်ယူသဖြင့် ကုန်စည်အသစ်ဟု ဆိုနိုင်သော လက်ပံပွင့်အူတိုင်ခြောက်များ လက်ရှိတွင် ဈေးကောင်းရနေသည်။လက်ရှိတွင် အူတိုင်လှပါက တစ်ပိဿာလျှင် ကျပ် ၆၀၀၀ နှင့် အူတိုင်ညံ့လျှင် တစ်ပိဿာ ကျပ် ၅၀၀၀ ခန့်ပေါက်ဈေးရှိကာ ကုန်စည်ဒိုင်မှ တစ်လအတွင်း ကုန်ချိန် ၂၀၀၀ ကျော်ရောင်းချခဲ့ပြီးဖြစ်ကြောင်းနှင့် တာချီလိတ်နှင့် ရွှေတြိဂဒေသကို တင်ပို့ရောင်းချသည်။လက်ပံပွင့်သည် ဆီးချို၊ သွေးတိုး၊ မီးယပ်ရောဂါများအတွက် မြန်မာ့ဆေးတစ်လက်ဖြစ်သလို ရင်သားကင်ဆာ၊ လေးဖက်နာရောဂါများအတွက် လည်း ဆေးတစ်ဖုံဖြစ်ကြောင်း ယောအတွင်းဝန် ဦးဖိုးလှိုင်၏ ဥတုဘောဇနသင်္ဂဟကျမ်း၌ ပြဆိုထားသည်။



