ဂျပန်ကုမ္ပဏီများသည် မြန်မာလုပ်သားများအား တရားဝင်ခေါ်ယူရန် အလုပ်ကမ်းလှမ်းစာ (Demand Letter) ၃၆၉ စောင်ဖြင့် ဖိတ်ခေါ်ထားကြောင်း ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံရုံးက ထုတ်ပြန်သည်။ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၃ ရက်အထိ လက်ခံရရှိသော Demand Letter များကို စိစစ်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။



