ပြည်ပအလုပ်လုပ်ခွင့် ဆက်လက်ပိတ်ထားခြင်းနှင့် လုပ်သားစေလွှတ်ရေးမူဝါဒ မရှင်းလင်းခြင်းကြောင့် အေဂျင်စီများ လုပ်ငန်းခက်ခဲနေကြောင်း လုပ်ငန်းရှင်အသိုင်းအဝိုင်းက ပြောသည်။ အမျိုးသားများသာမက အမျိုးသမီးများပါ ပြည်ပအလုပ်ထွက်ခွင့် ပိတ်ပင်ခံထားရပြီး PJ နိုင်ငံကူးလက်မှတ်ဖြင့် ထွက်ခွာမည့်သူများအားလုံးကို အကြောင်းပြချက်မရှိဘဲ ယာယီပိတ်ပင်ထားခြင်းကြောင့် လူသစ်ခေါ်ယူမှု လျှော့ချထားသည်။



