ဒီဇာတ်လမ်းကို စတင်ခဲ့သူကတော့ ရောင်းအားကျနေတဲ့ ကော်ဖီဆိုင်ပိုင်ရှင် ထိုင်းနိုင်ငံသားတစ်ဦးဖြစ်ပြီး၊ စက်ရုပ်ကြီးအနေနဲ့ သူ့ရဲ့ ဆိုင်ကို ရောင်းအား ကောင်းအောင်(မစ)ပေးပါက ကော်ဖီ (၉၉) ခွက် လာရောက်လှူဒါန်းမယ်လို့ ပြောဆိုပြီးနောက် ရောင်းအား တဟုန်ထိုးတက်လာတဲ့အတွက် ကော်ဖီ (၉၉) ခွက်လာရောက်လှူဒါန်းခဲ့တယ်လို့ ဆိုပါတယ်။
စက်ရုပ်ကြီးဆီ သွားရောက်ဆုတောင်းရင် အရောင်းအဝယ်လုပ်ငန်း ကောင်းတဲ့အပြင် ကျန်းမာရေးမကောင်းသူတွေပါ ရောဂါသက်သာပျောက်ကင်းတယ်လို့လည်း စက်ရုပ်ကြီးကို ပူဇော်ပခဲ့ဖူးသူ ထိုင်းနိုင်ငံသားတွေက ဆိုပါတယ်။



