ယနေ့ ဖေဖော်ဝါရီလ (၂၈)ရက် နေ့ခင်း (၁)နာရီအချိန်က ပန်းတောင်းမြို့နယ်၊ ဥသျှစ်ပင်မြို့၊ ရပ်သာအုပ်စု၊ ဘူးဘက်ကျေးရွာအဝင် ဘူးဘတ်ကျေးရွာ သုသာန်အနီး ပုသိမ်-မုံရွာ ကားလမ်း၊ မိုင်တိုင်အမှတ် ၂၁/၁ အနီး လမ်းမပေါ်တွင် ကင်းပုန်းဝပ်ဆောင်ရွက်နေစဉ် ဥသျှစ်ပင်မြို့ဘက်မှ မုံရွာမြို့ဘက်သို့ မောင်းနှင်လာသည့် အဖြူရောင် ယာဉ်နှစ်စီးကို ရပ်တန့်စစ်ဆေးခဲ့ရာ BGO-11 2R2073 SOJEN အဖြူရောင်ယာဉ် နောက်ခန်းပေါ်မှ အဝါရောင် ပီနံအိတ်ဖြင့် ထည့်ထားသော စက္ကူဖာအတွင်းမှ အကြည်ရောင် မှိုင်းခံပလပ်စတစ်ဖြင့်ပတ်ထားပြီး စက္ကူဖြင့် ထုပ်ထားသော အပြာရောင် ပလပ်စတစ်ကပ်ခွာအိတ် (၁)အိတ်လျှင် R စာတမ်းပါ လိမ္မော်ရောင် စိတ်ကြွရူးသွပ်ဆေးပြားဟု ယူဆရသော (၂၀၀)ပြားစီပါ (၁၀)ထုပ်စီး (၅)စီး (ဆေးပြား-ဆေးပြား (၁၀၀၀၀) ပြားစီပါ အထုပ်ကြီး(၁၇)ထုပ်၊ စုစုပေါင်းဆေးပြား (၁၇၀၀၀၀)ပြားစီပါ စက္ကူဂျပ်ဖာ(၆)ဖာ အတွင်းမှ စုစုပေါင်း ဆေးပြား (၁၀၀၀၀)ပြားစီပါ အထုပ်ကြီး(၁၀၂)ထုပ်၊ စုစုပေါင်းဆေးပြား(၁၀၂၀၀၀၀)ပြား အလေးချိန် (၁၀၂)ကီလိုဂရမ်၊ (၁)ပြားလျှင် (၂၀၀၀)ကျပ်နှုန်းဖြင့် စုစုပေါင်းကာလတန်ဖိုး (၂,၀၄၀,၀၀၀,၀၀၀ိ/-)စာဖြင့်) (သိန်းပေါင်းနှစ်သောင်းလေးရာ) အား သက်သေခံပစ္စည်းများနှင့်အတူ မကြည်ကြည်ခိုင်(ခ)မဟန်ကြည် ကိုင်ဆောင် အသုံးပြုသည့် Redmi Note 11 pro အမျိုးအစား အနက်ရောင်ဖုန်း(၁)လုံး၊ ကျော်ဆန်းမင်း ကိုင်ဆောင်သော HUAWEI အမျိုးအစား ခဲရောင်ဖုန်း(၁)လုံး၊ သန်းအောင်ဆွေ(ခ)ဦးဆွေ ကိုင်ဆောင်အသုံးပြုသည့် Redmi 10C အမျိုးအစား အနက်ရောင်ဖုန်း(၁)လုံး၊ ခင်မောင်မြင့်ရွှေ ကိုင်ဆောင်သည့် OPPO အမျိုးအစား အနက်ရောင်ဖုန်း(၁)လုံး၊ Redmi Note 13 အမျိုးအစား အနက်ရောင် ဖုန်း(၁)လုံးတို့အား ဖမ်းဆီးရမိခဲ့ပါတယ်။အဆိုပါ မူးယစ်ဆေးဝါးများ သယ်ဆောင်လာသည့် သန်းအောင်ဆွေ(ခ)ဦးဆွေ၊ ခင်မောင်မြင့်ရွှေ၊ မကြည်ကြည်ခိုင် (ခ) မဟန်ကြည်၊ ကျော်ဝင်းထွန်း (ခ) ကပ်ပလီ၊ ကျော်ဇင်လတ်၊ ကျော်ဆန်းမင်းတို့ (၆)ဦးအား မူးယစ်ဆေးဝါး ဉပဒေများနှင့်အညီ အမှုဖွင့်လှစ်ကာ အရေးယူရန် ဆောင်ရွက်လျက်ရှိပါတယ်။
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် ငွေကျပ်သိန်းပေါင်း နှစ်သောင်းကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့် သယ်ဆောင်လာသူ (၆)ဦးကို ဖမ်းဆီးရမိခဲ့
Feb 28 • 7:58 AM
မြန်မာ
ပဲခူး
မျှဝေမည်
| 19 | 0 | 0 | 0 |


