back

ထိုင်းနိုင်ငံတွင် Samut Prakan ရဲ့ ပြည်သူ့ ကျန်းမာရေးရုံးက မူကြိုနဲ့ မူလတန်းကျောင်းတွေမှာScarlet Fever ကူးစက်နေလို့ ကျောင်းတွေ ပိတ်ထား

Feb 28 • 7:32 AM

breaking-news

မြန်မာ

ပြည်ပ

cover

ထိုင်းနိုင်ငံတွင် Samut Prakan ရဲ့ ပြည်သူ့ ကျန်းမာရေးရုံးက မူကြိုနဲ့ မူလတန်းကျောင်းတွေမှာScarlet Fever ကူးစက်နေလို့ ကျောင်းတွေ ပိတ်ထား

ထိုင်းနိုင်ငံရှိSamut Prakanပြည်နယ် ရဲ့ ပြည်သူ့ ကျန်းမာရေး ရုံးက မူကြိုနဲ့ မူလတန်းကျောင်းတွေမှာ Scarlet Fever ကူးစက်နေတဲ့အတွက် မတ်လ ၃ ရက်နေ့ (တနင်္လာနေ့)အထိ ကျေ...

ထိုင်းနိုင်ငံရှိSamut Prakanပြည်နယ် ရဲ့ ပြည်သူ့ ကျန်းမာရေး ရုံးက မူကြိုနဲ့ မူလတန်းကျောင်းတွေမှာ Scarlet Fever ကူးစက်နေတဲ့အတွက် မတ်လ ၃ ရက်နေ့ (တနင်္လာနေ့)အထိ ကျောင်းတွေ ပိတ်ထားတယ်လို့ ကြေညာလိုက်ပါတယ်။ ပြည်သူ့ ကျန်းမာရေး ရုံးက ကျောင်းတွေ ပိတ်ထားချိန်မှာ စာသင်ခန်းနဲ့ သန့်စင်ခန်းတွေကို ပိုးသတ်ထားဖို့ ကျောင်းတွေကို ညွှန်ကြားထားပါတယ်။နာမည်ကြီး ဆရာဝန် Pakpoom Dechhasdin က ကလေးတွေမှာ အဲဒီ ရောဂါလက္ခဏာတွေ ရှိသလားဆိုတာ စောင့်ကြည့်ဖို့ မိဘတွေကို တိုက်တွန်းထားပါတယ်။ ကူးစက်ပြီး ၁ ပတ်အကြာမှာ ရောဂါလက္ခဏာတွေ ပြတတ်ပါတယ်။ Scarlet fever (scarlatina) ဆိုတာ Group A Streptococcus (GAS) လို့ခေါ်တဲ့ ဘက်တီးရီးယားပိုးတစ်မျိုးကြောင့် ဖြစ်ပွားတဲ့ ကူးစက်ရောဂါတစ်မျိုးဖြစ်ပြီး များသောအားဖြင့် အသက် ၅ နှစ်နဲ့ ၁၅ နှစ်အကြား ကလေးငယ်တွေမှာ ဖြစ်ပွားလေ့ရှိပါတယ်။ ရောဂါလက္ခဏာတွေက လည်ချောင်းနာတာ၊ ဖျားတာ၊ ခေါင်းကိုက်တာ၊ လည်ပင်းရှိ lymph node များ ရောင်ရမ်းတာ ၊ ခန္တာကိုယ်မှာ အနီကွက်အဖုအပိမ့်များ ထွက်တာ၊ လျှာပေါ်မှာ စတော်ဘယ်ရီသီးလို အနီရောင် အဖုတွေထွက်တာ တို့ ဖြစ်ပါတယ်။





news-view-count-icon

14