back

ရှမ်းပြည်နယ်၊နမ့်စန်မြို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများနဲ့အတူ တရားခံများဖမ်းဆီးရမိခဲ့

Feb 28 • 7:10 AM

breaking-news

မြန်မာ

ရှမ်း

breaking-news
cover

ရှမ်းပြည်နယ်၊နမ့်စန်မြို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများနဲ့အတူ တရားခံများဖမ်းဆီးရမိခဲ့

ဖေဖော်ဝါရီလ ၂၆ ရက်နေ့ ၁၉နာရီ၃၀ မိနစ်အချိန်တွင် ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ နမ့်စန်မြို့၊ အမှတ်(၅)ရပ်ကွက်၊...

ဖေဖော်ဝါရီလ ၂၆ ရက်နေ့ ၁၉နာရီ၃၀ မိနစ်အချိန်တွင် ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ နမ့်စန်မြို့၊ အမှတ်(၅)ရပ်ကွက်၊ နမ့်စန် - မိုးနဲသွားကားလမ်းတွင် မော်တော်ယာဉ်များအား စစ်ဆေးရှာဖွေစဉ် ခွန်မောင်လံ(ခ)လုံးလံ မောင်းနှင်လာသည့် NISSAN MARCH အမျိုးအစား မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ၎င်းထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၅,၀၀၀ ပြား(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၂၅ သိန်း)၊ မြန်မာငွေကျပ် ၄၅,၀၀၀ နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် ခွန်မောင်လံ(ခ)လုံးလံ(၆၆)နှစ်အား နမ့်စန်မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိပါတယ်။


news-view-count-icon

16