back

ရန်ကုန်တွင် သန့်ရှင်းမှုအားနည်းသဖြင့် လက်ရှိတွင်အသည်းရောင်ရောဂါ Hepatities A ဗိုင်းရပ်စ်ကူးစက်မှုပျံ့နှံ့နေ

Feb 28 • 6:21 AM

breaking-news

မြန်မာ

ရန်ကုန်

breaking-news
cover

ရန်ကုန်တွင် သန့်ရှင်းမှုအားနည်းသဖြင့် လက်ရှိတွင်အသည်းရောင်ရောဂါ Hepatities A ဗိုင်းရပ်စ်ကူးစက်မှုပျံ့နှံ့နေ

ဖေဖော်ဝါရီ ၂၈ ရက်တွင်ပတ်ဝန်းကျင်သန့်ရှင်းမှုအားနည်းနေသော ရန်ကုန်မြို့တွင် အသည်းရောဂါ Hepatities A ဗိုင်းရပ်စ် ကူးစက်မှုဖြစ်ပွားကာပျံ့နှံ့နေကြောင်း မြန်မာအသည်းဖေ...

ဖေဖော်ဝါရီ ၂၈ ရက်တွင်ပတ်ဝန်းကျင်သန့်ရှင်းမှုအားနည်းနေသော ရန်ကုန်မြို့တွင် အသည်းရောဂါ Hepatities A ဗိုင်းရပ်စ် ကူးစက်မှုဖြစ်ပွားကာပျံ့နှံ့နေကြောင်း မြန်မာအသည်းဖောင်ဒေးရှင်းဥက္ကဌ ဒေါက်တာခင်ပြုံးကြည်က ပြည်တွင်းမီဒီယာတစ်ခုဖြစ်သော Mercury Variety တွင်အသိပေးပြောကြားထားပါတယ်။မြန်မာနိုင်ငံတွင်အသည်းရောင်ရောဂါ ( သို့) အသည်းရောင်းအသားဝါရောဂါဗိုင်းရပ်စ်ပိုး A,B,C,D,E ငါးမျိုးထဲမှ A,B,C နှင့် E ဗိုင်းရပ်စပ်က ပိုမိုဖြစ်ပွားလေ့ရှိကာ ယင်းငါးမျိုး၏ ရောဂါလက္ခဏာတူညီသဖြင့် ရောဂါပိုးရှိ၊ မရှိကို သွေးစစ်ကြည့်မှသိနိုင်မည်ဖြစ်ကာလက်ရှိတွင် ပတ်ဝန်းကျင်သန့်ရှင်းမှုအားနည်းခြင်း၊ တစ်ကိုယ်ရည်သန့်ရှင်းမှုအားနည်းခြင်းအပါအဝင် ရေမသန့်ရှင်းမှုနှင့် အစားအသောက်မသန့်ရှင်းမှုများကြောင့် ရောဂါကူးစက်မှုဖြစ်ပွားနေပါတယ်။အသည်းရောင်အသားဝါရောဂါနှင့်ပတ်သက်ပြီး ရန်ကုန်မြို့တွင် ကူးစက်ပျံနှံ့နေကြောင်း လူမှုကွန်ရက်တွင် ရေးသားဖြန့်ဝေမှု များပြားနေပါတယ်။




news-view-count-icon

32