ပရိသတ်များ ရယ်မောရမည့် ဟာသဇာတ်လမ်းတွဲဖြစ်သော “Happy Hotel” အမည်ရှိဇာတ်လမ်းတွဲကို လာမည့်မတ်လအတွင်း ထုတ်လွှင့်ပြသသွားရန်စီစဉ်ထားကြောင်း ဇာတ်ကားရိုက်ကူးရေးပိုင်းတာဝန်ရှိသူများထံမှ သိရသည်။အဆိုပါ ဇာတ်လမ်းတွဲမှာ အပိုင်း ၄၀ လောက်ပါဝင်ပြီး မတ်လ ၃ ရက် ည ၇ နာရီမှစတင်ပြီး အပတ်စဉ် တနင်္လာနေ့မှ သောကြာနေ့အထိ ညစဉ်တိုင်းတွင် MRTV 4 ရုပ်သံလိုင်းနှင့် Pyone Play Application တို့မှ တိုက် ရိုက်ထုတ်လွှင့်သွားရန် စီစဉ်ထားကြခြင်းလည်းဖြစ်သည်။သရုပ်ဆောင်များအဖြစ် စိုပြေမြင့်၊ ထက်မြတ်အောင်၊ သွန်းသစ္စာဇော်၊ ဈာန်ဈာန်ဟန်သာ၊ မေဘယ်လ်မိုး တိမ်၊ ကံပွင့်၊ မေတ္တာမြင့်မြတ်ဟိန်း၊ ဘူးသီး၊ သွက်လက်၊ စူပါလင်း၊ မျောက်ရှုံးနှင့် သရုပ်ဆောင်များစွာ ပါဝင်ထား ကြ ပြီး ပရိသတ်များ ရယ်မောရမည့် ဇာတ်ကားလည်းဖြစ်ပါတယ်။ထိုဇာတ်လမ်းတွဲပြသမှုနှင့်ပတ်သက်သည့် မိတ်ဆက်ပွဲတစ်ရပ်ကိုလည်း ပြီးခဲ့သော ဖေဖော်ဝါရီ ၂၅ ရက် မွန်းလွဲပိုင်းက ရန်ကုန်မြို့၊ တောင်ဥက္ကလာပမြို့နယ်၊ ဘေလီအနီးရှိ Forever Group တွင် ကျင်းပခဲ့ကြပါတယ်။
မြန်မာ့ပြည်တွင်းရှိ MRTV-4ရုပ်သံလိုင်းတွင် ပရိသတ်ရယ်မောရမည့် “Happy Hotel”ဟာသဇာတ်လမ်းတွဲကို ထုတ်လွှင့်ပြသမည်
Feb 28 • 5:12 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 41 | 0 | 0 | 0 |


