back

ကမ္ဘာတစ်ဝှန်းရှိ iPhone များတွင် Adobe Photoshop အက်ပ်freeစတင်အသုံးပြုနိုင်ပြီဖြစ်

Feb 28 • 4:24 AM

breaking-news

မြန်မာ

ပြည်ပ

cover

ကမ္ဘာတစ်ဝှန်းရှိ iPhone များတွင် Adobe Photoshop အက်ပ်freeစတင်အသုံးပြုနိုင်ပြီဖြစ်

ကမ္ဘာတစ်ဝှန်းရှိIOS အသုံးပြုသူတွေအတွက် သတင်းကောင်းတစ်ခုမှာဖုန်းနဲ့တင် ဖိုတိုရှော့တွေ ပြုလုပ်နိုင်တော့မှာဖြစ်ပါတယ်။Adobe Photoshop အက်ပ်က iPad တွေမှာ အရင်သုံးနို...

ကမ္ဘာတစ်ဝှန်းရှိIOS အသုံးပြုသူတွေအတွက် သတင်းကောင်းတစ်ခုမှာဖုန်းနဲ့တင် ဖိုတိုရှော့တွေ ပြုလုပ်နိုင်တော့မှာဖြစ်ပါတယ်။Adobe Photoshop အက်ပ်က iPad တွေမှာ အရင်သုံးနိုင်ခဲ့တာပါ။ အခုတော့ iPhone တွေမှာပါ အသုံးပြုဖို့ ထည့်သွင်းပေးလိုက်ပြီဖြစ်ပါတယ်။Generative AI , Adobe Lightroom, Adobe Express , Adobe Fresco စသဖြင့် အခမဲ့သုံးနိုင်မယ့် Feature တွေလည်း အစုံအလင်ပါဝင် တယ်လို့ ကုမ္ပဏီတာဝန်ရှိအကြီးအကဲတွေကပြောကြားထားပါတယ် ။လောလောဆယ်တော့ App store မှာဘဲ Adobe Photoshop အက်ပ် အသုံးပြုနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။ Andriod တွေအတွက်တော့ မကြာခင်မှာ အသုံးပြုလို့ရမယ်လို့ ပြောကြားထားပါတယ်။ ဒီနှစ်ကုန် ဒါမှမဟုတ် နောက်နှစ်မှာ အသုံးပြုနိုင်ဖို့ စီစဉ်ပေးသွားမယ်လို့ Adobe ကပြောရေးဆိုခွင့်ရှိသူတစ်ဦးကပြောကြားထားပါတယ်။

news-view-count-icon

32