မြန်မာနိုင်ငံပြည်တွင်းတွင်တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ခဲ့သည့် (၃) နှစ်နှင့် (၁) လတာကာလ (၃၇ လ)အတွင်း ကျပ် ၄၅၈ ဘီလျံကျော် တန်ဖိုးရှိ တရားမဝင်ကုန်သွယ်မှု အမှုတွဲပေါင်း ၁၉,၀၀၀ ကျော်အထိ ဖမ်းဆီးရမိခဲ့ပါတယ်။ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂ဝ၂၅) တွင် ပြောကြားသည်။တရားမဝင်ကုန်သွယ်မှုများကို ထိရောက်စွာတိုက်ဖျက်ရန် ဦးဆောင်ကော်မတီဖွဲ့စည်းပြီး လုပ်ငန်းညှိနှိုင်းအစည်းအဝေးများ ကျင်းပလာခဲ့သည်မှာ ယခုအခါ (၁၈)ကြိမ် ရှိပြီဖြစ်ကြောင်း၊ ယခင် အစည်းအဝေး (၁၇) ကြိမ်အထိဆုံးဖြတ်ချက် ၅၈၉ ချက် ချမှတ်အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ ဖမ်းဆီးရရှိမှုများအနေဖြင့် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလမှ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလအထိ (၃) နှစ်နှင့် (၁) လတာကာလ အတွင်း ဖမ်းဆီးရမိအမှုတွဲ ၁၉,၀၀၀ ကျော်ရှိပြီး ခန့်မှန်းတန်ဖိုး ကျပ်၄၅၈ဘီလျံကျော်ဖိုးဖမ်းမိခဲ့ပါတယ်။
မြန်မာနိုင်ငံပြည်တွင်းတွင် တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ခဲ့သည့် ၃၇ လအတွင်း တရားမဝင်ကုန်ပစ္စည်း ကျပ် ၄၅၈ ဘီလျံကျော်ဖိုး ဖမ်းမိခဲ့
Feb 28 • 3:12 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 29 | 0 | 0 | 0 |


