ဂျပန်လူမျိုးများကို အွန်လိုင်းငွေလိမ်ဂိုဏ်းများက ပစ်မှတ်ထား လိမ်လည်နေပြီး၊ ဂျပန်နိုင်ငံသားများသာမက ဂျပန်စကားတတ် မြန်မာများကိုပါ အသုံးချရန် ရည်ရွယ်လာနိုင်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးက သတိပေးထားသည်။ အွန်လိုင်းဂိမ်း၊ အင်တာနက်မှတစ်ဆင့် သိကျွမ်းပြီး မျက်မြင်မတွေ့ဖူးသောသူများက ဂျပန်ဘာသာစကားသုံး အလုပ်များ ခေါ်ယူပါက မယုံကြည်ဘဲ မိသားစုနှင့် ဂျပန်သံရုံးသို့ တိုင်ပင်ကာ လိမ်လည်မှုမှ ကင်းဝေးရန် သတိပြုသင့်ကြောင်း ဖော်ပြထားသည်။



