မြန်မာနိုင်ငံ ပြည်တွင်းတွင်မတ်လ ၂ ရက်မှာ ကျရောက်တဲ့ (၆၃)နှစ်မြောက် တောင်သူလယ်သမားနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ခင်းကျင်းပြသမယ့် မျိုးစေ့ပြပွဲ(၂၀၂၅)အတွက် ဆောင်ရွက်နေပါတယ်။ မျိုးစေ့ပြပွဲ (၂၀၂၅) ရဲ့အဓိက ရည်ရွယ်ချက်ကတော့ ပြည်တွင်းမှာ မျိုးစေ့ထုတ်တဲ့လုပ်ငန်းတွေ ပိုမိုဖွံ့ဖြိုးတိုးတက်လာဖို့ ရည်ရွယ်တာဖြစ်ပါတယ်။ တခြားရည်ရွယ်ချက်တွေ အနေနဲ့ကတော့ မျိုးစေ့ထုတ်လုပ်တဲ့သူတွေ၊ မျိုးစေ့တင်သွင်းတဲ့သူတွေ၊ မျိုးစေ့ရောင်းချတဲ့သူတွေနဲ့ မျိုးစေ့သုံးစွဲတဲ့ တောင်သူတွေကြားမှာ ပိုမိုခိုင်မာတဲ့ ကွန်ရက်တစ်ခု ပေါ်ပေါက်လာစေဖို့ လည်း ရည်ရွယ်ဆောင်ရွက်တာ ဖြစ်ပါတယ်။ သီးနှံအလိုက် စိုက်ပျိုးတဲ့စနစ်တွေ၊ မျိုးစေ့ထုတ်တဲ့အခါ လိုအပ်တဲ့ သုတေသနလုပ်ငန်းတွေကိုလည်း တောင်သူတွေ၊ ပုဂ္ဂလိကမျိုးစေ့ထုတ်ကုမ္ပဏီတွေ၊ လာရောက်လေ့လာတဲ့ မိဘပြည်သူတွေကို သိရှိနိုင်ဖို့၊ လေ့လာနိုင်ဖို့ စီစဉ်ဆောင်ရွက်ထားပါတယ်။ ၂၀၂၅ မျိုးစေ့ပြပွဲမှာ ဆီထွက်သီးနှံတွေဖြစ်တဲ့ မြေပဲ၊ နှမ်း၊ နေကြာ၊ ပန်းနှမ်းတို့ကို ပန်းတိုင်အထွက်နှုန်းရရှိစေဖို့ ကိုယ်တိုင်စိုက်ပျိုးပြသပြီး စိုက်ပျိုးတောင်သူတွေကို မျိုးကောင်းမျိုးသန့် လိုအပ်ချက်နဲ့ စိုက်ပျိုးနည်းစနစ်များကို ပညာပေးခြင်းလုပ်ငန်း ဆောင်ရွက်နေပါတယ်။
မြန်မာနိုင်ငံပြည်တွင်းတွင် (၆၃)နှစ်မြောက် တောင်သူလယ်သမားနေ့ကို ကြိုဆိုဂုဏ်ပြုပြီး ကျင်းပမည့် မျိုးစေ့ပွဲအတွက် မျိုးစေ့ဌာနခွဲ၏စိုက်ပျိုးနည်းစနစ်များ ကြိုတင်ပြင်ဆင်မှုများပြုလုပ်နေ
Feb 28 • 2:01 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 27 | 0 | 0 | 0 |


