နေပြည်တော်ဒေသခံများ ပျဉ်းမနားဒေသထွက် မနောသုခဆန်ကို အဓိကထားစားသုံးကြသဖြင့် ယင်းဆန်အမျိုးအစားသာ အများဆုံးရောင်းရပြီး၊ အခြားဆန်များလည်း ရောင်းအားရှိသော်လည်း ဒေသခံများမှာ မနောသုခဆန်ကိုသာ အဓိကထားစားသုံးကြကြောင်း၊ ဆန်ကို ခြောက်ပြည်အိတ်လေးများဖြင့် ပြည်ချိန်ဖြင့် အများဆုံးရောင်းဝယ်ကြပြီး၊ ငွေကြေးတတ်နိုင်သူများမှာ အိတ်လိုက်ဝယ်ယူကြကာ၊ အများစုမှာ နိုင်သလောက်လေးဝယ်ယူကြပြီး၊ လက်လုပ်လက်စား၊ ဈေးသည်အများစုမှာ အလုပ်သိမ်းချိန်၊ ဈေးရောင်းပြန်ချိန်မှ ဆန်တစ်ပြည်ဝယ်ယူကြကြောင်း၊ ဆန်ဈေးမှာ တည်ငြိမ်နေပြီး မနောသုခတစ်အိတ်လျှင် ရှစ်သောင်းကျော်မှ တစ်သိန်းအထိ၊ ပေါ်ဆန်မွေးတစ်အိတ်လျှင် တစ်သိန်းခွဲမှ နှစ်သိန်းခန့်ထိ ရောင်းချကြောင်း သိရသည်။



