ဧရာဝတီတိုင်းဒေသကြီး၊ ဝါးခယ်မမြို့နယ်၊ ကြာဖြူကျေးရွာတွင် မြို့နယ်သမဝါယမအသင်းစုက ဦးစီး၍ ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၂၇ ရက်နေ့မှစတင်ကာ ဆောင်းနေကြာ ၅ ဧကနှင့် တောင်သူ ဦးဝင်းဗိုလ်၏ ရုရှားနေကြာကိုးမျိုး စမ်းသပ်စိုက်ခင်းများ စိုက်ပျိုးခဲ့ရာ ယခုအခါ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး၊ မြို့နယ်သမဝါယမဦးစီးဌာနမှ ဝန်ထမ်းများက နေကြာများ အောင်မြင်ဖြစ်ထွန်းမှုကို အပတ်စဉ် မှတ်တမ်းများ ကောက်ယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။



