စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန အဂတိလိုက်စားမှုတားဆီးကာကွယ်ရေး အဖွဲ့(CPU)၏ (၁/၂၀၂၅) အစည်းအဝေးကို ဖေဖော်ဝါရီ ၂၇ရက်
နေ့နံနက်ပိုင်းက နေပြည်တော်ရှိ ရုံးအမှတ်(၁၅)အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပါတယ်။အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအတွက် အသိပညာပေးလုပ်ငန်းများဆောင်ရွက်ခြင်း၊ ဆန္ဒဖော်ထုတ်ပွဲများ ကျင်းပပေးခြင်း၊ တိုင်းဒေသကြီး/ ပြည်နယ်/ ခရိုင်ရုံးများ၊ တက္ကသိုလ်နှင့် ကျောင်းများတွင် စာတိုက်ပုံးများထားရှိပြီး ကာလသတ်မှတ်ဖွင့်ဖောက်၍ စစ်ဆေးဆောင်ရွက်ခြင်း၊ အများပြည်သူထံမှ တုံ့ပြန်ရယူခြင်းအစီအစဉ်များ ဆောင်ရွက်လျက်ရှိပြီး ၂၀၂၄ ခုနှစ်အတွင်း စီမံခန့်ခွဲမှုအရ ဆောင်ရွက်ပေးမှု ၅၁ ကြိမ်၊ အသိပညာပေးဟောပြောမှု ၆၄၉ ကြိမ်၊ လက်ကမ်းစာစောင်များ ဖြန့်ဝေမှု ၄၇၇၆ စောင်၊ သင်တန်းပို့ချမှု ၂၃ ကြိမ်နှင့် အလုပ်ရုံ ဆွေးနွေးပွဲ ၁၀ ကြိမ် ဆောင်ရွက်နိုင်ခဲ့ပါတယ်။


