back

ရန်ကုန်မြို့တွင်အေပိုး စိုးရိမ်မှုကြောင့် ကာကွယ်ဆေးကြိုထိုးသူများနေသဖြင့် ကာကွယ်ဆေးစျေးမြင့်တက်လာ

Feb 27 • 4:58 PM

breaking-news

မြန်မာ

ရန်ကုန်

cover

ရန်ကုန်မြို့တွင်အေပိုး စိုးရိမ်မှုကြောင့် ကာကွယ်ဆေးကြိုထိုးသူများနေသဖြင့် ကာကွယ်ဆေးစျေးမြင့်တက်လာ

ယခုရက်ပိုင်းအတွင်း လူမှုကွန်ရက်များတွင်ပါ အသည်းရောင်အသားဝါ အေ (Hepatitis A)ရောဂါဖြစ်ပွား ကြောင်း ဖော်ပြလာမှုများရှိသလို ငွေကြေးတတ်နိုင်သူအများစုမှာ ရောဂါစိုးရိမ...


ယခုရက်ပိုင်းအတွင်း လူမှုကွန်ရက်များတွင်ပါ အသည်းရောင်အသားဝါ အေ (Hepatitis A)ရောဂါဖြစ်ပွား ကြောင်း ဖော်ပြလာမှုများရှိသလို ငွေကြေးတတ်နိုင်သူအများစုမှာ ရောဂါစိုးရိမ်ပြီး ပုဂ္ဂလိကဆေးရုံဆေးခန်းများမှ ကာကွယ်ဆေး ဝယ်ယူထိုးနှံမှုကြောင့် ကာကွယ်ဆေးစျေးနှုန်းများမှာလည်း ရက်ပိုင်းအတွင်း ဆက်တိုက်မြင့် တက်နေကြောင်း အဆိုပါဆေးဝါးအကြောင်းဆိုင်များထံမှသိရပါသည်။မသန့်ရှင်းသော လမ်းဘေးစာများစားသုံးမိခြင်းကြောင့် အသည်းရောင်အသားဝါ အေ (Hepatitis A) ရောဂါဖြစ်ပွားနေကြောင်းကို လူမှုကွန်ရက်တွင် ရက်ပိုင်းအတွင်း ဖော်ပြမှုများများရှိလာပြီး စိုးရိမ်သူလည်းများ လာကြောင်း၊ ဆေးဝါးကုမ္ပဏီများနှင့် ဆေးဝါးရောင်းချသော ပုဂ္ဂလိကဆရာဝန်များမှလည်း ကာကွယ်ဆေးထိုး ၍ကာကွယ်နိုင်ကြောင်းကို ပရိုမိုးရှင်းများပြုလုပ်နေပြီး ငွေကြေးတတ်နိုင်သည့်သူများက မိမိတို့ကိုယ်တိုင်နှင့် မိမိတို့၏ သားသမီးများကို ဝယ်ယူထိုးနှံပေးခြင်းကြောင့် ဆေးဆိုင်အချို့တွင် ဆေးပြတ်လပ်သည်အထိ ဖြစ်လာခဲ့ ကြောင်းလည်း သိရသည်။



news-view-count-icon

13