ကျားဖြန့်လုပ်ငန်းများမှာ ဂျပန်နိုင်ငံသားများကိုသာမက ဂျပန်စာ တတ်ကျွမ်းသည့် မြန်မာလူမျိုးများကိုလည်း အသုံးချရန် ရည်ရွယ်လာနိုင်ခြေရှိသည်ဟု ရန်ကုန်မြို့ရှိ ဂျပန်သံရုံးက သတိပေးထုတ်ပြန်သည်။ဂျပန်လူမျိုးများကို သွေးဆောင်လှည့်ဖြားနေသော အွန်လိုင်းငွေလိမ်ဂိုဏ်းများသည် ဂျပန်လူမျိုးများကို ပစ်မှတ်ထား၍ လိမ်လည်မှုများကို ကျူးလွန်လျက်ရှိပြီး ထိုသို့ကျူးလွန်ရန်အတွက် ဂျပန်နိုင်ငံသားများသာမက ဂျပန်ဘာသာစကားတတ်ကျွမ်းသော မြန်မာလူမျိုးများကို အသုံးချရန် ရည်ရွယ်လာနိုင်ခြေလည်းရှိနေသည်ဟု ဂျပန်သံရုံးက သတိပေးသည်။



