အွန်လိုင်းလိ-မ်လည်မှု (Telecom Fraud) နှင့် ဒုစရိုက်မှုလုပ်ငန်းများတွင် ဆက်စပ်ပါဝင်ခဲ့ကြသည့် အင်ဒိုးနီးရှားနိုင်ငံသား (၈၄)ဦးကို ယနေ့ဖေဖော်ဝါရီ (၂၇)ရက်၌ မြန်မာ-ထိုင်း အမှတ် (၂) ချစ်ကြည်ရေးတံတားမှတဆင့် သက်ဆိုင်ရာနိုင်ငံသို့ပြည်နှင် လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။ပြည်နှင်လွှဲပြောင်းပေးအပ်ပွဲကို ကရင်ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ အင်ဒိုနီးရှားနိုင်ငံ နိုင် ငံခြားရေးဝန်ကြီးဌာန နိုင်ငံသားကာကွယ်ရေးနှင့် ကယ်ဆယ်ရေးဌာန ညွှန်ကြားရေးမှူး Mr. Judha Nugraha နှင့် ထိုင်းနိုင်ငံ တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန ဒုတိယခရိုင်မှူး ဒုတိယ ရဲမှူးကြီး Mr. Sermkiat Kampira နှင့် တာဝန်ရှိသူများတက် ရောက်ကြပြီး မြန်မာနိုင်ငံမှ တာဝန်ရှိသူများက သက်ဆိုင်ရာနိုင်ငံမှ တာဝန်ရှိသူများထံ ပြည်နှင်လွှဲပြောင်းလက်ခံ ရေးဆိုင်ရာ အထောက်အထား စာရွက်စာတမ်းများကို လွှဲပြောင်းပေးအပ်ကြသည်။



