ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသရှိ ဒေသခံများမှာ နှစ်ရှည်ပင်ဖြစ်သော Robusta ကော်ဖီပင်များကို စီးပွားဖြစ်စိုက်ပျိုးထားကြရာ ကော်ဖီသီးများ တွင်ကျယ်စွာ ခူးယူရောင်းဝယ်ချိန်တွင် ကော်ဖီစေ့များ ဈေးကောင်းရလျက်ရှိနေကြောင်း သိရသည်။လိပ်သိုမြို့ပေါ်၌ ကော်ဖီစေ့ တစ်ပိဿာလျှင် (၃၅၀၀ဝိ/-) ကျပ်မှ (၄၀၀၀ဝိ/-) ကျပ်ဖြင့် ရောင်းဝယ်လျက် ရှိနေပြီး ယမန်နှစ်ကထက် ဈေးနှုန်းပိုမိုမြင့်တက်လျက်ရှိကြောင်း သိရသည်။



