မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်ရှိ မဟာမုနိဘုရားကြီး ငါးကန်/လိပ်ကန်အတွင်းရှိ ငါးတန်အကောင်ရေထောင်ချီအား ဧရာ၀တီမြစ်အတွင်းသို့ ဇီ၀ိတဒါန ဘေးမဲ့လွှတ်ခြင်းကို မဟာမုနိဘုရားကြီးဂေါပကအဖွဲ့နှင့် မန္တလေးတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနက စီစဥ်ခဲ့ရာ မဟာ ကိုသက်ကြီး ဦးဆောင်၍ မဟာလူမှုကယ်ဆယ်ရေး-မန္တလေးအဖွဲ့များက ဝိုင်းဝန်းကူညီပေးခဲ့ကြောင်း သိရပါသည်။မဟာမုနိဘုရားကြီးငါးကန်အများပြည်သူလာရောက်လှူဒါန်းထားသော ငါးများ အသေအပျောက်နည်းစေရေးအတွက် ဂေါပကအဖွဲ့က အစဥ်မပြတ် ဆောင်ရွက်လျက်ရှိရာ လာမည် နွေရာသီတွင် ငါးများ အောက်စီဂျင်ပြတ်လပ်၍ သေဆုံးမှုများ မရှိစေရေးအတွက် ယခုကဲ့သို့ ငါးအကောင်ရေ လျော့ချတာဖြစ်တယ်လို့ သိရပါသည်။



