back

ဂါနာချိုနဲ့ စကားပြောသွားမယ်လို့ အာမိုရင်ပြော

Feb 27 • 1:27 PM

breaking-news

မြန်မာ

ပြည်ပ

cover

ဂါနာချိုနဲ့ စကားပြောသွားမယ်လို့ အာမိုရင်ပြော

ယူနိုက်တက်အသင်းနည်းပြ အာမိုရင်က အစ်စဝှစ်ချ်အသင်းကို ၃ ဂိုး-၂ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ လူစားလဲခံရချိန် ဥမင်ထဲကို တန်းပြီးဝင်သွားခဲ့တဲ့ ဂါနာခ...

ယူနိုက်တက်အသင်းနည်းပြ အာမိုရင်က အစ်စဝှစ်ချ်အသင်းကို ၃ ဂိုး-၂ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ လူစားလဲခံရချိန် ဥမင်ထဲကို တန်းပြီးဝင်သွားခဲ့တဲ့ ဂါနာချိုနဲ့ သူစကားပြောသွားမယ်လို့ ပြောခဲ့ပါတယ်။ အာမိုရင်က “ဒီဖြစ်ရပ်အတွက် ကျနော် ဂါနာချိုနဲ့ စကားပြောသွားမှာပါ။ ခင်ဗျားတို့က ရက်ရှ်ဖို့ဒ်ရဲ့ အခြေအနေနဲ့ ချိတ်ဆက်ချင်နေတာမလား၊ ကျနော်သိပါတယ်။ ကျနော် ဂါနာချိုနဲ့ စကားပြောသွားမှာဖြစ်ပြီး လာမယ့် သတင်းစာ ရှင်းလင်းပွဲမှာ ခင်ဗျားတို့သိချင်ရင် ကျနော် ဒီအကြောင်းပြောမှာပါ။ ကျနော်တို့ဟာ လူစားလဲမယ့် လူကို ရွေးချယ်ရာမှာ တည်ကန်ဘောတွေ အကြောင်းကို စဉ်းစားရမှာဖြစ်ပြီး ဒါကြောင့် ဂါနာချိုကို လူစားလဲခဲ့တာပါ”လို့ ပြောခဲ့တာပါ။


news-view-count-icon

11