back

နွေရာသီမှာ ဘာဖြစ်မလဲမသိဘူးလို့ အိုဆင်ဟမ်ပြော

Feb 27 • 1:01 PM

breaking-news

မြန်မာ

ပြည်ပ

cover

နွေရာသီမှာ ဘာဖြစ်မလဲမသိဘူးလို့ အိုဆင်ဟမ်ပြော

နိုင်ဂျီးရီးယားတိုက်စစ်မှူး အိုဆင်ဟမ်က လာမယ့် နွေရာသီမှာ ဘာဖြစ်မလဲဆိုတာ မသိပေမယ့် ဂါလာတာစာရေး အသင်းမှာ ဆက်ရှိနိုင်မယ့် အရိပ်အမြွက် ပြောခဲ့ပါတယ်။ အိုဆင်ဟမ်က “ရို...

နိုင်ဂျီးရီးယားတိုက်စစ်မှူး အိုဆင်ဟမ်က လာမယ့် နွေရာသီမှာ ဘာဖြစ်မလဲဆိုတာ မသိပေမယ့် ဂါလာတာစာရေး အသင်းမှာ ဆက်ရှိနိုင်မယ့် အရိပ်အမြွက် ပြောခဲ့ပါတယ်။ အိုဆင်ဟမ်က “ရိုးရိုးသားသား ပြောရရင် အနာဂတ်နဲ့ပတ်သက်ပြီး ကျနော် မသိပါဘူး။ လွန်ခဲ့တဲ့ လအနည်းငယ် ကလည်း ဂါလာတာစာရေးအသင်းကို ကျနော် လာမယ်လို့ ကျနော်ဘယ်တုန်းကမှ မယုံကြည်ခဲ့ပါဘူး။ အခုလည်း နွေရာသီမှာ ဘာတွေဖြစ်မလဲဆိုတာ မသိပေမယ့် ဒီကလပ်ကို ကျနော် ချစ်တယ်ဆိုတာ လူတိုင်း နားလည်စေချင် ပါတယ်။ ပရိသတ်တွေရော အသင်းနဲ့ ပတ်သက်တဲ့သူ အားလုံးကိုရော ကျနော်ချစ်ပါတယ်။ ဒီမှာရှိနေရတဲ့ အချိန် တွေကို ကျနော်ပျော်ရွှင်တယ်”လို့ ပြောခဲ့တာပါ။


news-view-count-icon

11