တာဝါတိုင် ပစ္စည်းများခိုးယူဖြုတ်ခြင်းများ ကြောင့်လေပြင်းဒဏ်ကို ခံနိုင်စွမ်းမရှိကြဘဲ ကျိုးကျခဲ့ရသည့် ၂၃၀ ကေဗွီလှိုင်သာယာ-ကျိုက်လတ်လိုင်း Transmission Towerများပြင်ဆင်မှုမကြာမီပြီးစီးမည်ဖြစ်ကြောင်း သိရသည်။ကျိုးကျခဲ့သည့် တာဝါတိုင်များ အနက် ယိုင်နဲ့ကွေးညွတ်သွားသော တာဝါ ၄၇အား ပြုပြင်ပြီးစီးပြီဖြစ်ပြီး တာဝါ ၄၃ အား အရှိန်အဟုန်မြှင့် ပြုပြင်လျှက်ရှိရာ မကြာမီအချိန်အတွင်း ပြီးစီးနိုင်မည် ဖြစ်ကြောင်းသိရပါသည်။



