ဖေဖော်ဝါရီ ၂၄-၂၅ ရက်က ရွာသွန်းသော အခါမဲ့မိုးကြောင့် ရှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံ-တာကော် ပြည်ထောင်စုလမ်းမကြီးပေါ်တွင် ရွှံ့ဗွက်များဖြစ်ကာ လမ်းချော်မှုများ ဖြစ်ပွားခဲ့သည်။ ရင်ကွဲတောင်တွင် ဖေဖော်ဝါရီ ၂၇ ရက်အထိ ကုန်ကားနှင့် ခရီးသည်တင်ကား အစီး ၂၀၀ ခန့် ပိတ်မိနေပြီး ခရီးသည်များ ရိက္ခာပြတ်လပ်ခြင်း၊ နေရာထိုင်ခင်း အခက်အခဲများ ကြုံတွေ့နေရသည်။ လမ်းချော်သည့်နေရာများတွင် လမ်းရှင်းလင်းရေး ဆောင်ရွက်နေသော်လည်း လမ်းအခြေအနေကြောင့် ခရီးသွားများ အချိန်ကြာမြင့်စွာ စောင့်ဆိုင်းနေရကြောင်း ပြောပြခဲ့သည်။



