မြန်မာနိုင်ငံ၏ အကြီးဆုံးနှင့် အရေးပါဆုံး ဉာဏ်ရည်တုနည်းပညာဆိုင်ရာ ပြပွဲတစ်ခုဖြစ်သည့် AI Yangon 2025 ကို ဖေဖော်ဝါရီလ(၂၈)ရက်မှ မတ်လ(၂)ရက်နေ့အထိ ရန်ကုန်မြို့ရှိ ဂမုန်းပွင့် Wholesale Mall တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ပါတယ်။ပထမဆုံး AI Yangon 2025 တွင် မြန်မာနိုင်ငံမှ ထိပ်တန်းစတင်လုပ်ကိုင်နေသော လုပ်ငန်းများနှင့် သုတေသီများ၏ ခေတ်မီတီထွင်မှုများကို လေ့လာနိုင်မည့် အခွင့်အလမ်းဖြစ်သော တီထွင်ဆန်းသစ်မှုပြပွဲ၊ AI ၏ အခြေခံများမှစ၍ စက်သင်ယူမှု(Mechine Learning)နှင့် နည်းပညာဆိုင်ရာ ခေတ်ရေစီးကြောင်းများကို လက်တွေ့သင်ကြားပို့ချပေးမည့် အပြင်ပြပွဲတွင် ဆိုင်ခန်းပေါင်း (၅၀)ကျော်က ခေတ်မီနည်းပညာများကို ပြသမည်ဖြစ်ပြီး ပြပွဲသို့ လာရောက်သူများအနေဖြင့် နောက်ဆုံးပေါ် AI နည်းပညာများကို သိရှိနိုင်မည်ဖြစ်ပါတယ်။
မြန်မာနိုင်ငံ၏ ပထမဆုံး AI Yangon 2025 ပြပွဲအား ရန်ကုန်မြို့ရှိ ဂမုန်းပွင့် Wholesale Mall ၌ သုံးရက်ကြာ ကျင်းပမည်
Feb 27 • 8:33 AM
မြန်မာ
ရန်ကုန်
မျှဝေမည်
| 24 | 0 | 0 | 0 |


