back

ဂျပန်မြောက်ပိုင်းမှာတောမီးလောင်၊ရာနှင့်ချီ၍လူများရွှေ့ပြောင်းရ

Feb 27 • 8:10 AM

breaking-news

မြန်မာ

ပြည်ပ

cover

ဂျပန်မြောက်ပိုင်းမှာတောမီးလောင်၊ရာနှင့်ချီ၍လူများရွှေ့ပြောင်းရ

Iwate ဒေသရှိ သစ်တောထူထပ်သော Ofunato မြို့တွင် မီးတောက်မီးလျှံများကြောင့် လူနေအိမ်များစွာသည် သံဖရိန်များအတိုင်းသာ ကျန်တော့သည်အထိ မီးကျွမ်းသွားခဲ့သည်ကို အင်န်အိပ်...

Iwate ဒေသရှိ သစ်တောထူထပ်သော Ofunato မြို့တွင် မီးတောက်မီးလျှံများကြောင့် လူနေအိမ်များစွာသည် သံဖရိန်များအတိုင်းသာ ကျန်တော့သည်အထိ မီးကျွမ်းသွားခဲ့သည်ကို အင်န်အိပ်ချ်ကေသတင်းဌာန၏ ဝေဟင်မှ ရိုက်ကူးထားသော ဗီဒီယိုတွင် တွေ့ရသည်။ တောမီးအနီးနေထိုင်ကြသော ဒေသခံ ၆၀၀ နီးပါးကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးထားပြီး ထိခိုက်ဒဏ်ရာရရှိမှုများနှင့် ပတ်သက်၍ အတည်မပြုနိုင်သေးကြောင်း ဒေသဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့က ပြောဆိုသည်။

news-view-count-icon

15