back

ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်၌ တရုတ်နိုင်ငံတိုင်ပေမြို့မှ မြန်မာနိုင်ငံသို့ လိုက်လာသည့် တရုတ်နိုင်ငံသားခရီးသည်တစ်ဦး၏ ဝန်စည်များအတွင်းမှ လူသုံးကုန်ပစ္စည်းခြောက်မျိုးဖမ်းမိခဲ့

Feb 27 • 7:26 AM

breaking-news

မြန်မာ

ရန်ကုန်

breaking-news
cover

ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်၌ တရုတ်နိုင်ငံတိုင်ပေမြို့မှ မြန်မာနိုင်ငံသို့ လိုက်လာသည့် တရုတ်နိုင်ငံသားခရီးသည်တစ်ဦး၏ ဝန်စည်များအတွင်းမှ လူသုံးကုန်ပစ္စည်းခြောက်မျိုးဖမ်းမိခဲ့

ဖေဖော်ဝါရီ၂၅ရက်တွင် အကောက်ခွန်ဦးစီးဌာန၏စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်၌ တရုတ်နိုင်ငံတိုင်ပ...

ဖေဖော်ဝါရီ၂၅ရက်တွင် အကောက်ခွန်ဦးစီးဌာန၏စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်၌ တရုတ်နိုင်ငံတိုင်ပေမြို့မှ မြန်မာနိုင်ငံသို့ လေယာဉ် ခရီးစဉ်အမှတ် (CI-7915/SF-1845) ဖြင့် လိုက်ပါလာသော တရုတ်နိုင်ငံသားခရီးသည်တစ်ဦး၏ ဝန်စည်များအတွင်းမှ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လူသုံးကုန်ပစ္စည်းခြောက်မျိုး (စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၁၈,၀၀၀,၀၀၀)ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိပါတယ်။

news-view-count-icon

25