back

ကမ္ဘောဒီးယားတွင် ကြက်ငှက်တုပ်ကွေးရောဂါH5NIဖြင့် အသက်၂နှစ်အရွယ်ကလေးငယ်တစ်ဦး သေဆုံးခဲ့

Feb 27 • 5:59 AM

breaking-news

မြန်မာ

ပြည်ပ

cover

ကမ္ဘောဒီးယားတွင် ကြက်ငှက်တုပ်ကွေးရောဂါH5NIဖြင့် အသက်၂နှစ်အရွယ်ကလေးငယ်တစ်ဦး သေဆုံးခဲ့

ဖေဖော်ဝါရီ ၂၆ ရက်ကကမ္ဘောဒီးယားနိုင်ငံမှာ ကြက်ငှက်တုပ်ကွေးရောဂါကြောင့် အသက် ၂ နှစ်အရွယ် ကလေးငယ်တစ်ယောက် သေဆုံး ခဲ့ကြောင်း ကမ္ဘောဒီးယား ကျန်းမာရေးဝန်ကြီးဌာနက ထုတ်...

ဖေဖော်ဝါရီ ၂၆ ရက်ကကမ္ဘောဒီးယားနိုင်ငံမှာ ကြက်ငှက်တုပ်ကွေးရောဂါကြောင့် အသက် ၂ နှစ်အရွယ် ကလေးငယ်တစ်ယောက် သေဆုံး ခဲ့ကြောင်း ကမ္ဘောဒီးယား ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။ကျန်းမာရေးစောင့်ရှောက်မှုနဲ့ ကယ်ဆယ်ရေးဝန်ထမ်းတွေက ကလေးကို ဆေးရုံခေါ်ဆောင် ပြီး အမြန်ဆုံး ဆေးကုသမှု ဆောင်ရွက်ပေးခဲ့ပေမယ့် အသက်ဆုံးရှုံးသွားခဲ့တာဖြစ်ပါတယ်။ ကူးစက်ခံရပြီး ကလေးဟာ ဖျားတာ၊ ချောင်းဆိုးတာ၊ အသက်ရှူမဝတာနဲ့ အသက်ရှူရခက်ခဲတာတွေ အပါအဝင် အလွန်ပြင်းထန်တဲ့ အခြေအနေတွေကို ကြုံတွေ့ခဲ့ရပါတယ်။ ကလေးရဲ့နေအိမ်အနီးမှာ မိသားစုကြက်ခြံတစ်ခုရှိပြီး ကလေးက ကြက်လှောင်အိမ်အနီးမှာ ဆော့ကစားခဲ့တာကြောင့် အခုလို ကူးစက်ခံခဲ့ရကာကြက်လှောင် အိမ်ထဲက ကြက် ၁၅ ကောင်လည်း သေဆုံးခဲ့ရပါတယ်။ ကြက်ငှက်တုပ်ကွေးရောဂါ H5NI ဟာ ပြည်သူတွေရဲ့ ကျန်းမာရေးကို ဆက်လက်ခြိမ်းခြောက်နေတာကြောင့် ပြည်သူအားလုံး သတိထားကြဖို့ကမ္ဘောဒီးယား ကျန်းမာရေးဝန်ကြီးဌာနက သတိပေးထားပါတယ်။



news-view-count-icon

20