အမေရိကနာမည်ကြီး ဇာတ်လမ်းတွဲ တစ်ခုဖြစ်တဲ့ Gossip Girl မှာ Blake Lively နဲ့အတူတွဲဖက်သရုပ်ဆောင်ခဲ့ပြီး ဗီလိန် အဖြစ်ပါဝင်ခဲ့ပေမယ့် ပရိသတ်ချစ်ခင်ခဲ့ကြတဲ့ သရုပ်ဆောင် Michelle Trachtenberg တစ်ယောက်သူမရဲ့နေအိမ်မှာ သေ ဆုံးနေတာကို တွေ့ခဲ့ရပါတယ်။ရင်းနှီးသူတချို့ရဲ့ အဆိုအရတော့ သူမဟာ အရက်အလွန်အကျွံသောက်ခြင်းအတွက် အသည်းအစားထိုးကုသမှု ခံယူထားရသူတစ်ဦးလည်းဖြစ်ပါတယ်။Michelle ဟာ ငယ်စဥ်ကတည်းကhollywoodမှာ ကလေးသရုပ်ဆောင် အဖြစ် နာမည်ကြီးခဲ့သူတစ်ဦးဖြစ်ပြီး Ice Princess, Gossip Girl, EuroTrip, Buffy the Vampire Slayer အစရှိတဲ့ ဇာတ်ကားတွေနဲ့ လူသိများခဲ့သူပဲ ဖြစ်ပါတယ်။ လက်ရှိသူမရဲ့ ဆုံးပါးမှုနဲ့ပတ်သက်ပြီး အခြားအချက်အလက်မရှိပဲ သာမန်အတိုင်းပဲ ဆုံးပါးသွားခဲ့တာဖြစ်ကြောင်း တာဝန်ရှိသူတွေက ဆိုထားပါတယ်။



