ဖေဖော်ဝါရီလ ၂၅ ရက် ည ၁၀ နာရီခန့်တွင်
ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်ရှိ ရန်ကုန်-မန္တလေးရထားလမ်းပိုင်းတွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ရထားခရီးစဥ် ခုနစ်ခု အချိန်ကြန့်ကြာမှုဖြစ်ပေါ်ခဲ့ပါတယ်။အဆိုပါပေါက်ကွဲမှုကြောင့် အစုန်လမ်းရှိ အရှေ့ဘက်သံလမ်း နှစ်ပေခန့်နှင့် ၁၀ ပေအကွာတွင် အနောက်ဘက်သံလမ်း နှစ်ပေပေခန့် နှစ်နေရာပြတ်တောက်ကာ ကွန်ကရစ်ဇလီဖား ၁၀ တုံးပျက်စီးခဲ့ပြီး ရန်ကုန်-မန္တလေးလမ်းပိုင်းတွင် ပြေးဆွဲနေသည့် အမှတ်(၉၀၂-A) အစုန်ကုန်ရထား၊ အမှတ်(၉၀၂-B) အစုန်ကုန်ရထား၊ အမှတ် (၉၂၃-B) အဆန်ကုန်ရထား၊ အမှတ်(၉၁၃) အဆန်ကုန်ရထား၊ အမှတ်(၉၁၄) အစုန်ကုန်ရထား၊ အ မှတ်(၁၁) အဆန်လူစီးရထား၊ အမှတ်(၁) အဆန်စာပို့ရထားတို့သည် ရောက်ရှိရာဘူတာများ၌ ယာယီရပ်တန်ခဲ့ရပြီးရထားလမ်းပိုင်းကို ဖေဖော်ဝါရီလ ၂၆ ရက်နံနက် ၉ နာရီတွင်ယာယီပိတ်ကာ ပြင်ဆင်မှုများ လုပ်ဆောင်ပြီးနောက် ညနေ ၃ နာရီခွဲတွင် အစုန်ရထားလမ်းပိုင်းအားပြန်လည်ဖွင့်လှစ်ပြီး ရထားခရီးစဥ်များကို ပုံမှန်အတိုင်းယခုချိန်ထိပြန်လည်ပြေးဆွဲစေနိုင်ခဲ့ပါတယ်။


