ဧပြီလ(၂)ရက်နေ့မှာအွန်လိုင်းကနေတစ်ဆင့် တက်ရောက်သင်ကြားနိုင်မယ့် ဥပဒေဘွဲ့လွန်သင်တန်း Post Graduate Diploma in Law(PGDL) ဖွင့်လှစ်မယ်လို့ရန်ကုန်အဝေးသင်တက္ကသိုလ်ရဲ့ ထုတ်ပြန်ချက်အရသိရပါတယ်။အခု ဥပဒေဘွဲ့လွန်သင်တန်းကိုတက်ချင်တဲ့သူတွေအနေနဲ့ သင်တန်းဝင်ခွင့်လျှောက်လွှာတွေကို မတ်လ(၆)ရက်နေ့ကစတင်ပြီး ရန်ကုန်အဝေးသင်တက္ကသိုလ်ရဲ့Websithttps://law.hrd.yude.edu.xn--mm-l1j5j/ တစ်ဆင့် အွန်လိုင်းဝင်ခွင့် လျှောက်လွှာနဲ့ လျှောက်ထားနိုင်မှာဖြစ်ပါတယ်။သင်တန်းဝင်ခွင့်အောင်မြင်ပြီးသတ်မှတ်အရည်အချင်းများနဲ့ပြည်စုံသူများကိုဝင်ခွင့်ရရှိကြောင်း mailကနေတအကြောင်းပြန်ကြားပေးမှာဖြစ်ပါတယ်။သင်တန်းကာလမှာ-(၁၀) လ ကြာမြင့်မှာဖြစ်ပြီးဝင်ခွင့်ရရှိသူတွေအနေနဲ့မတ်လ(၂၄)ရက်နေ့ကနေ(၂၉)ရက်နေ့အထိရုံးချိန်အတွင်းလာရန်ကုန်အဝေးသင်တက္ကသိုလ်မှာကျောင်းအပ်ရမှာဖြစ်ပါတယ်။
Feb 27 • 4:01 AM
မြန်မာ
ရန်ကုန်
မျှဝေမည်
| 22 | 0 | 0 | 0 |


