စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်မှ ကျွမ်းကျင်ပညာရှင်များနှင့် ကျောင်းသားများက နေပြည်တော်ရှိ မြို့နယ်များသို့ ကွင်းဆင်း၍ နွားမွေးမြူရေးဖွံ့ဖြိုးတိုးတက်စေရန် နွားများကျန်းမာရေးစောင့်ရှောက်ခြင်း၊ မျိုးအောင်နှုန်းကောင်းအောင် ကုသခြင်း၊ သားအောင်နှုန်းလေ့လာခြင်းနှင့် လိုအပ်သည့်စီမံဆောင်ရွက်မှုများ ပြုလုပ်ပေးကာ နွားမွေးမြူရေးဆိုင်ရာ ဗဟုသုတများ အပြန်အလှန်ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။



