back

ရန်ကုန်မြို့၊ ဒေါပုံမြို့နယ်မြို့မလမ်း၊ ယမုံနာ (၁)ရပ်ကွက်မှာအဝတ်ထွက်လှန်းရင်း အထပ်မြင့်တိုက် ငါးထပ်အမြင့်ကနေ အမျိုးသမီးတစ်ဦးပြုတ်ကျကာ ပြင်းထန်ဒဏ်ရာတွေ ရရှိခဲ့

Feb 27 • 2:06 AM

breaking-news

မြန်မာ

ရန်ကုန်

breaking-news
cover

ရန်ကုန်မြို့၊ ဒေါပုံမြို့နယ်မြို့မလမ်း၊ ယမုံနာ (၁)ရပ်ကွက်မှာအဝတ်ထွက်လှန်းရင်း အထပ်မြင့်တိုက် ငါးထပ်အမြင့်ကနေ အမျိုးသမီးတစ်ဦးပြုတ်ကျကာ ပြင်းထန်ဒဏ်ရာတွေ ရရှိခဲ့

ဖေဖော်ဝါရီ ၂၆ ရက်နေ့ ည ၇ နာရီခန့်အချိန်က ရန်ကုန်မြို့၊ ဒေါပုံမြို့နယ်မြို့မလမ်း၊ ယမုံနာ (၁)ရပ်ကွက်မှာ ဖြစ်ပွားခဲ့တယ်လို့ အောင်ရဲသူ လူမှုကူညီရေးအသင်းထံကနေ သိရပါတ...

ဖေဖော်ဝါရီ ၂၆ ရက်နေ့ ည ၇ နာရီခန့်အချိန်က ရန်ကုန်မြို့၊ ဒေါပုံမြို့နယ်မြို့မလမ်း၊ ယမုံနာ (၁)ရပ်ကွက်မှာ ဖြစ်ပွားခဲ့တယ်လို့ အောင်ရဲသူ လူမှုကူညီရေးအသင်းထံကနေ သိရပါတယ်။ပြုတ်ကျသူ အမျိုးသမီးမှာ အသက် ၃၂ အရွယ် ဖြစ်ပြီး ‌တိုက်‌နောက်ဖေးလှေကားမှာ အဝတ်ထွက်လှမ်းရာက မတော်တဆ ခြေချော်ကာ အရှိန်လွန်ပြုတ်ကျတာဖြစ်ပြီး ပြုတ်ကျတဲ့အရှိန်ကြောင့် အောက်မေးရိုးကျိုး၊ အောက်သွားများကျိုးတဲ့ဒဏ်ရာ၊ ဝဲ ယာ နံရိုးကျိုးဒဏ်ရာ၊ ဦးခေါင်း အရေပြား မကွဲပေမယ့် ဦးခေါင်းခွံပျော့ပြီး ဖူးထွက်ဒဏ်ရာတွေ ရရှိခဲ့ပါတယ် ။ဖြစ်စဉ်နေရာက‌နေ သစ္စာမဏ္ဍိုင် လူမှုကူညီရေးအသင်းက ရန်ကုန်ဆေးရုံကြီးဆီ အချိန်နဲ့တစ်ပြေးညီ ပို့ဆောင်ပေးခဲ့ပြီး အဆိုပါ အသင်းတာဝန်ရှိသူက “နံရိုးကျိုးတာက နှလုံးကို ထိုးမိလား၊ အဆုတ်ထိလား စစ်ဆေးမှသိရပါမယ်။ အောက်သွား‌တွေ အတော်များများကျိုးတယ်၊လက်ရှိမှာ- ဦးခေါင်းထဲ သွေးရောက်‌နေပါတယ်။



news-view-count-icon

25