စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ် တွင် ၂၀၂၄-၂၀၂၅ ဂျုံစိုက်ပျိုးရာသီအတွက် ဂျုံဧက (၃၁,၀၃၅) ကို အောင်မြင်စွာ စိုက်ပျိုးနိုင်ခဲ့ကြောင်း သိရသည်။ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ နည်းပညာများ ပံ့ပိုးမှု၊ ပိုးမွှားရောဂါကာကွယ်မှု၊ သဘာဝမြေဩဇာ အသုံးပြုမှု မြှင့်တင်မှု စသည်တို့ကြောင့် ဂျုံသီးနှံအထွက်နှုန်းမှာ ယခင်နှစ်များထက် ပိုမိုကောင်းမွန်လာသည်။ ၂၀၂၃ ခုနှစ်တွင် ဧက (၃၁,၀၃၃) စိုက်ပျိုးခဲ့ရာ ယခုနှစ်တွင် ပိုမိုတိုးမြှင့်နိုင်ခဲ့ခြင်း ဖြစ်ပြီး ဈေးကွက်ဝင်နိုင်မည့် ဂျုံမျိုးများ ပြောင်းလဲအသုံးပြုမှု လည်း ဖြစ်ထွန်းမှုကို အထောက်အကူဖြစ်စေသည်။



