ကျပ်ငွေတန်ဖိုးတည်ငြိမ်မှုမရှိသည့်အတွက် မန္တလေးဒေသခံများအနေဖြင့် ရွှေတိုရွှေစဝယ်ယူစုဆောင်း လာကြကြောင်း ဒေသခံများနှင့် ရွှေလုပ်ငန်းလုပ်ကိုင်သူများကပြောသည်။ရွှေစုဆောင်းရာတွင်လည်း အလျော့တွက်၊ လက်ခ နည်းပါးသည့် ရွှေထည်လက်ဝတ်လက်စားများအပြင် ဆုံးရှုံးမှုမရှိသော အတုံးအခဲငယ်များကိုလည်း ဝယ်ယူမှုများပြားလာကြောင်း သိရသည်။လက်ရှိအချိန်တွင် ရွှေဈေးနှင့်ငွေဈေးနှုန်းများမှာ အနည်းငယ်သာအပြောင်းအလဲရှိနေသော်လည်း ကျပ်ငွေ တန်ဖိုးမှာ ဆက်လက်ကျဆင်းနေဆဲဖြစ်သည်။



