တောင်ကိုရီးယားနိုင်ငံ၏ King of kpop ဟု နာမည်ကျော် လူသိများသော Kpop idol G-DRAGON နဲ့ Jacob & Co တို့ collaborate လုပ်ထားတဲ့ Luxury Watch ရဲ့တန်ဖိုးဟာ 1.43 billion KRW (~$1.07 million USD) လောက်တန်ဖိုးရှိကြောင်း သိရပါသည်။ မြန်မာငွေနဲ့ Exchange rate 3000 နဲ့ပဲတွက်ကြည့်မယ်ဆိုရင်လျှင် အနည်းဆုံး သိန်းပေါင်းသုံးသောင်းကျော်ထိ တန်ဖိုးရှိတာ ဖြစ်ပါတယ်။ အတွင်းပိုင်းဒီဇိုင်းမှာတော့ daisy ပန်းရယ် ကမ္ဘာလုံးကို နဂါးပတ်ထားပြီး The World Is Mine ဆိုတဲ့စာသားရယ် အောက်ဘက်မှာဆိုရင်တော့ GD ရဲ့ လက်မှတ်နဲ့ Übermensch စာလုံးကို တွေ့ရမှာဖြစ်ပါတယ်။




